Android app
DrTun LMS course၊ lesson၊ quiz နဲ့ discussion တွေကို Android ဖုန်းမှာ အသုံးပြုနိုင်တဲ့ native app ဖြစ်ပါတယ်။ Video lesson နဲ့ PDF file တွေကို App ထဲ download ထားပြီး internet မရှိချိန်မှာပါ ပြန်ကြည့်နိုင်ပါတယ်။
v3.0 နှင့်အထက် user များ ပုံမှန် update လုပ်နိုင်ပါတယ်
v3.6.22 သည် v3.0 နှင့်အထက် production version များနှင့် signing certificate တူသဖြင့် APK အသစ်ကို install လုပ်ပြီး ပုံမှန် update လုပ်နိုင်ပါတယ်။ Login session၊ App-private offline downloads နဲ့ pending quiz data ကို update က မဖျက်ပါ။ v2.0 ကိုသာ သုံးနေသေးလျှင် v2.0 ကို uninstall လုပ်ပြီး v3.6.22 ကို fresh install လုပ်ကာ LMS account ဖြင့် sign in ပြန်ဝင်ပါ။
Stable file: drtun-lms.apk · Versioned copy: drtun-lms-v3.6.22.apk
Home V2
နောက်ဆုံး ၇ ရက် Learning Activities၊ enrolled course နှင့် accessible eBook ပါဝင်သော Continue Learning၊ Our Courses နှင့် Books အစီအစဉ်အသစ်ကို Home တွင်ပြပါတယ်။
eBook reader compatibility
Android app က entitled PDF eBook ကို secure continuous-page reader ဖြင့်ဖတ်နိုင်ပါတယ်။ PDF zoom၊ cross-device resume၊ bookmarks နှင့် EPUB reader feature များကို Web LMS reader တွင်အသုံးပြုနိုင်ပါတယ်။
Important admin message popup
Admin က Important အဖြစ်ရွေးပို့သော message ကို App သုံးနေချိန်မှာ ပိတ်နိုင်သော popup ဖြင့် ချက်ချင်းပြပါတယ်။ App ပိတ်ထားချိန်ရောက်သော unread Important message ကို နောက်တစ်ကြိမ်ဖွင့်ချိန်မှာ အဟောင်းဆုံးမှစပြီး ပြပေးပါတယ်။
Pull to refresh
Home၊ Learn၊ Discuss နဲ့ Live စာမျက်နှာထိပ်မှာ အောက်သို့ဆွဲချလိုက်တာနဲ့ latest course၊ discussion၊ live နဲ့ replay data တွေကို App ပိတ်ဖွင့်စရာမလိုဘဲ sync လုပ်နိုင်ပါတယ်။
Mobile navigation v3.5
Bottom navigation ကို Home · Learn · Discuss · Live အဖြစ်ပြောင်းထားပြီး Messages၊ Course Updates နဲ့ Account ကို header/hamburger မှဖွင့်နိုင်ပါတယ်။ Active course selector နဲ့ chapter-only Overview behavior ကို ဆက်ထိန်းထားပါတယ်။
Messages & Course Updates
Admin message နဲ့ course update အသစ်တွေကို inbox နှစ်ခုခွဲပြီး unread badge ဖြင့်ပြပါတယ်။ Notification permission မဖွင့်ရသေးလျှင် Burmese popup ဖြင့်ရှင်းပြပြီး user က Allow နှိပ်မှ system permission တောင်းပါတယ်။
Offline Library
Wi-Fi/Ethernet ချိတ်ထားလျှင် mobile-data popup မပြဘဲ lesson download ကိုချက်ချင်းစပါတယ်။ Download ပြီးသား video နဲ့ PDF ကို App အတွင်း internet မရှိလည်း ဖွင့်နိုင်ပါတယ်။
Online Video
Direct stream၊ embedded YouTube နဲ့ offline video အားလုံးကို Full screen နှိပ်ပြီး landscape 16:9 ဖြင့်ကြည့်နိုင်ပါတယ်။ Live Learning၊ Replay Library၊ Google Meet recording နဲ့ offline learning behavior များကို ဆက်ထိန်းထားပါတယ်။
Discuss Q&A knowledge base
Discuss ထဲမှာ Chapter မဖြစ်မနေရွေးပြီး Lesson ကိုလိုအပ်သလိုချိတ်နိုင်ပါတယ်။ Lesson No. ဖြင့်ရှာခြင်း၊ answer status၊ official answer နဲ့ optimize လုပ်ထားသော private ပုံ ၅ ပုံအထိတင်ခြင်းတို့ ပါဝင်ပါတယ်။
Batch lesson availability
Drip schedule နဲ့ မဖွင့်သေးသော lesson ကို 🔒 Locked လို့ရှင်းလင်းစွာပြပြီး ဖွင့်မည့်နေ့နှင့်အချိန်ကို Myanmar time ဖြင့်ပြပါတယ်။ အချိန်ရောက်လျှင် အလိုအလျောက်ဖွင့်ပြီး learner က လုပ်ဆောင်ရန်မလိုပါ။
Optional secure updates
Version အသစ်ရှိလျှင် App က အကျိုးကျေးဇူးများကိုပြပြီး Update now သို့ Later ရွေးနိုင်ပါတယ်။ APK package၊ size၊ SHA-256 နဲ့ signing certificate မှန်မှသာ Android installer ကိုဖွင့်ပေးပါတယ်။
Offline Quiz
Offline ဖြေထားသော quiz ကို “Pending sync” အဖြစ်သိမ်းပြီး internet ပြန်ရချိန် result နဲ့ lesson completion ကို sync လုပ်ပေးပါတယ်။
iPhone / Website အသုံးပြုသူများ
APK မတင်သော Android user နှင့် iPhone/iPad user များသည် LMS website lesson ထဲက Video/PDF download buttons ကို ဆက်သုံးနိုင်ပါတယ်။ Download ပြီးသား file ကို ဖုန်း၏ Files/Downloads မှ offline ဖွင့်နိုင်ပေမယ့် Android App-private Offline Library နှင့် offline quiz sync မပါပါ။
ပထမဆုံး sign in ဝင်ခြင်း၊ temporary password အသစ်ပြောင်းခြင်း၊ lesson download လုပ်ခြင်းနဲ့ offline quiz result sync လုပ်ခြင်းအတွက် internet လိုအပ်ပါတယ်။
Android မှာ install လုပ်တဲ့အချိန် browser က permission မေးရင် “Install unknown apps” ကိုခဏဖွင့်ပေးဖို့လိုနိုင်ပါတယ်။
Play Store listing အတွက် privacy policy ကို ဒီမှာဖတ်နိုင်ပါတယ်။